menu

Sunday, June 17, 2012

ဝင်းဒိုး xp တင်နည်း အခြေခံ

ဝန်ခံချက် ကျွန်တော်သည် စာများများရေးထားရင် မျက်လုံးညောင်လိုသိပ်ပြီးမဖတ်ပါ အဲဒါကြောင့် စာကိုတိုးတိုးရေးချင်းပေးမဲ့ လိုအပ်ချက်အရများသွားမယ်နော်။ mrwinkyawaung4 သည် ကွန်ပြူတာ ဆရာကြီးတစ်ယောက်မဟုတ်ပါလိုအရင်ဆုံး ပြောပါရစေ။ ဟတ်ဝဲလ် ကိုတော့ လေ့လာဖြစ်တယ် ဘာဖြစ်လိုလဲ ဆိုတော့ ကျွန်တော်က ကွန်ပြူတာ စကိုင်တာ တပတ်ရစ်ကိုဝယ်သုံးပြီးစကိုင် တာ ပြသနာတက်တာပေါ့ဗျာ........ အဲဒီတော့ ဟတ်ဝဲလ် ပြသနာ တက်ရင် ဆိုင်ကိုပြေးတယ် ပိုက်ဆံ ကုန်တယ် ဆိုင်ရောက်ရင် နည်းနည်းပြင်ပေးတယ် ၀င်းဒိုပြန်တင်ပေးတယ် နောက်တစ်နေ သူငယ်ချင်း မာန်မိုရီစတစ် ထိုးတယ် ၀င်းဒို ငြိမ်းနေတယ် ဆိုင်ကပြောတယ် ဗိုင်းစ်ရက်ထိ တယ် အဲဒီတော့ ၀င်းဒိုး ပြန်တင်တယ် ပိုက်ဆံ ထပ်ကုန်တယ် ဒီလိုနဲ မခံနိုင် တော့ဘူး နောက်တော့ ကိုယ်ဟာကို တင်မယ်ပေါ့ ၀င်းဒိုးခွေ လိုက်ဝယ်တယ် မရောင်းပေးကြဘူး ။ ဒီလိုနဲ စက်ကိုပစ်ထားတယ် (၁)လ လောက် ကြားတော့ အလုပ်အား ရင် ကွန်ပြူတာ ပြန်ကိုင်း ချင်းလာ တယ် ဒီလိုနဲ သူငယ်ချင်း တွေကို အကူအညီ လိုက်တောင်း ၀င်းဒိုခွေ တွေတောင်း တယ် ၀င်းဒိုးတင်နည်း ကိုဟိုမေး ဒီမေး နဲ့  စလာခဲ့တာပါ ။ သင်တန်းလည်း မတက်ထားတော့  ဒုက္ခ အကြီးအကျယ်ရောက်တာပေါ့ သူငယ်ချင်းတွေ လမ်းညွှန်းတဲ့ အတိုင်း ၀င်းဒိုး တင်လိုက်တော့ မခက်ပါလာပေါ့ ၀င်းဒိုးတက်ပြီး ပြန်တော့ စက်က အသံမထွက်ပြန် သူငယ်ချင်းများကို အကူအညီ တောင်းပြီး မေးရ မြန်ရ နဲ
audio driver ရလာခဲ့တယ် နောက် စက်က သုံးလိုမရသေး ဘူးလေ .. ပရိုဂရမ် တွေထည့် ရအုံးမယ် အဲဒါမရှိပြန် ပြောရအုံးမယ် mrwinkyawaung4 တို့မြို့ကလေး က မြန်မာ ပြည်ထဲ က မြို့ကြီးတွေ နဲ ဝေးတယ်လေ လမ်းခရီး ကလည်းမကောင်းသေးတော့ ပရိုဂရမ်း တို ဆော့ဝဲလ် တိုကို ခက်ခက်ခဲခဲ ယူလာ ကြတဲ့ သူတွေဆိုတော့ တော်ရုံ သိရုံနဲ့  သူတိုမပေးကြ ဘူးလေ အခုက ကျောင်းနေဖက် သူငယ်ချင်း ဆိုတော့ နည်းပညာ တွေ မျှဝေ ကြလိုဒါ mrwinkyawaung4 တစ်ယောက် အဆင်ပြေသွားခဲ့ ရဒါပါ................................................................................ ၀င်းဒိုးတင်နည်း အခြေခံ ကိုစမယ်နော် ပြောရအုံမယ် mrwinkyawaung4 ပြထားတဲ့ နမူနာ တချို ပုံတွေဟာ အင်တာနက်က ကော်ပီယူထားကြောင်းပြောပါရစေ ။နောက်ပြီးပြောရအုံးမယ် ၀င်းဒိုးတင်တာ မကျွမ်းသေးရင်ကိုယ်စက်မှာ အရေးကြီးတာတွေကို စီဒီနဲဘဲဖြစ်ဖြစ် မန်မိုရီ စတစ်နဲ့ ဘဲဖြစ်ဖြစ် သိမ်းထားစေခြင်းတယ် ဘာလိုလဲဆိုတော့ ဟတ်ဒစ်မှာပါတေရှင် နေရာမှာ လုပ်မထိရင်ပျောက်ကုန်မှာစိုလိုပါ။ ( C ) ပါတေရှင်းကိုတော့ပေါ်မတ် ရိုက်မှာဆိုတော့ (C) မှာရှိတဲ့ ကိုယ်ပြန်သုံးမယ့် ဟာတွေကို တော့ကော်ပီး လုပ်ပြီးသိမ်းထားနော် နောက်မှနောင်တရနေအုံးမယ်......

           အရင်ဆုံး လုပ်ရမှာက ၀င်းဒိုးတင်တော့မယ်ဆိုရင် ၀င်းဒိုခွေ ကိုစက်ထဲကို ထည့်ထားမယ် ပြီးရင် စက်ကို restart ချမယ် နောက် ကီဘုတ်က ခလုတ်တခု ကိုနိုပ် ရမယ် အဲဒါက အရေးကြီးတယ် ကွန်ပြူတာ motherboard ကုမ္မဏီက အမျိုးမျိုးရှိတယ် အဲဒါကတော့ ကိုစက်ပေါ် မူတည်တယ် စက်ကိုစစ ဖွင့်လိုက်ဒါနဲ့  မော်နီတာ အောက်မှာ သေချာကြည် သူကပြထားတယ် အဲဒါကိုမှတ်နော် ဥပမာ။ F2,F1,F10,DEL စသည်ဖြင့် desktop တော်တော် များများက Delete ကီး ၊ လက်တော့ မှာဆို ရင် F2 ကီး များတယ် ဘာဘဲဖြစ်ဖြစ် ကီးဘုတ်က သူပြထားတဲ့ ကီးတစ်လုံးကို ၀င်းဒိုး ခွေထည့်ပြီး restart ချပြီးဒါနဲ ဆက်တိုက် နိုက်နေလိုက်ပေါ့ အဲဒါဆို မာသာဘုတ်(Mainboard ) ပေါ့ သူ boot တက်လာမယ် အပြာရောင်လေနဲ့ အဲဒီမှာ BOOT ဆိုတဲ့ စာလုံးကို သေချာ ရှာနော် တွေရင် နှိပ်လိုက် ပြီးရင် boot properties ကိုနိုပ်လိုက်ရင် 1st boot device ကိုနိုပ်လိုက် အဲဒီမှာ သူပေါ်မယ် (၃)မျိုးလောက် cd rw / sata hdd .../ ..../ ပေါ့ ဥပမာ ပါ အဲဒီမှာ cd rw ကို ပြောင်းလိုက် စာတမ်းတူချင်မှ တူမှာ ကိုတပ်ထားတဲ့ cd rom ပေါ်မူတည်တယ် အဲဒါကိုသိရမယ် 2nd boot device ကို ဟတ်ဒစ်ပေါ့ ပြီးရင် F10 သို့မဟုတ် save and exit နိုပ်လိုက် ။
တချို မာသာဘုတ်က advanced bios features ကိုဝင် first boot device မှာ နိုပ်လိုက်ရင် cd rom ကိုအစက်ကလေး ပြောင်းလိုက် second boot device ကို ဟတ်ဒစ် လိုအစက်ကလေးပေးလိုက် နောက် ပြီးရင် F10 ဒါမှမဟုတ် save and exit ကိုနိုက်လိုက် ပြီးရင် သူမေးမယ် y / n လိုအေးဒီမှာ y လိုနိုပ်ထားပြီး အမ်းတာကီး ကိုခေါက်လိုက်ရင် ။နောက်ပြီး ဟတ်ဒစ်လွှတ်နေရင် ဘာဟတ်ဒစ်မှမတွေဘူးနော်။ တချိုလူတွေက cd device ကိုနှစ်ခုတပ်ထားရင် ကိုယ်ခွေထဲထားတဲ့ကောင်းကို လုပ်ရမယ်နော် နောက်တစ်ခု က ဟတ်ဒစ် နှစ်ခု ထည့်ထားရင် ကိုယ်သုံးမယ့်ကောင်းကို ဒုတိယ ထားရမယ် အဲဒီမှာ အခုပေါ်နေတဲ့ sata တွေက ပြသနာ မဟုတ်ပေးမယ် IDE ဆိုရင် အဲဒီဟတ်ဒစ် ဖြစ်ဖြစ် စီဒီ အမ်း ဘဲ ဖြစ်ဖြစ် အဲဒီကောင်းတွေရဲ့ အနောက်နားမှာကြည် စလွတ် ရှိတယ် အဲဒါကို အခု ၀င်းဒိုတင်မယ့်  အသုံးပြုမယ့် ကောင်းကို ချမ်းဘာ ပေါ့ အဲဒါလေးကို master ပြောင်းရမယ် နော် တခြားတစ်ခုကိုတော့ ရိုးရိုးဘဲထားပေါ့ ။ ပြောအုံးမယ် တချို မာသာဘုတ်ပြန်တော့ BOOT ၀င်မရဘူး ပတ်စဝေါ့  ခံထားတယ် အဲဒါတော့ ကျွန်တော်ရှင်းမတက်ဘူး ဒက်စတော့ မှာ ဆိုရင် မာသာဘုတ်ပေါ် က ဓါတ်ခဲ ပြုတ်လိုက်ရင် အဆင်ပြေမယ်လိုထင်တယ် ။ နောက်တခု က EXTERNAL CD DRIVE ဆိုရင် ပထမ ကို USB DRIVE ။ USB ဆိုရင်ကျွန်တော်တော့ မတင်ကြည့်ရသေးဘူး အဲဒါကို တော့ ကြားဖူး ဖတ်ဖူး ဒါက ၀င်းဒို နှစ်ကြိမ်မြောက် restart ကျပြီးရင် ပ နဲ ဒု ကို ပြန်ချိန်းရတယ်ပြောတယ် ဟတ်ဒစ်ကို ပထမလို မရမှာပါ ရရင်တော့ ဒီအတိုင်း ဘဲပေါ့ ။  
    အပေါ်က နှစ်ပုံကတော့ ကျွန်တော် က sata ဟတ်ဒစ် နဲ့ IDE ဟက်ဒစ် နှစ်လုံးတပ်ထားလိုပေါ်နေတာပါ mrwinkyawaung4 ကတော့ ဟက်ဒစ်နှစ်လုံးထဲက SATA ဟက်ဒစ်ကို ပထမ လိုလုပ်ထားဒါပါ သူငယ်ချင်းများအနေနဲ CD ဖြင့်ဖြင့် DVD ဖြင့်ဖြင့်နှစ်ခု  တပ်ထားမယ်ဆိုရင် အလားတူပေါ်မှာပါ စာနည်းနည်းဖတ်ပြီးလုပ်လိုက် ကျွန်တော်လည်းဖတ်တက်လိုပြောဒါမဟုတ်ပါဘူး ဒီလိုပေါ့လုံးတာပေါ့ ဟဲဟဲ.
            သူ restart ပြန်ကျသွားပြီး ဟောတက်လာပြီး သူမေးနေတယ် ၀င်းဒိုးတင်မှာ လာ အမ်းတာကီး ကိုခေါက်လိုက် မရရင် ကျွန်တော် အတွေအကြုံ တချို mrwinkyawaung4 က အခုမှ ကွန်ပြူတာစကိုင် တဲ့သူငယ်ချင်း တွေကို ၀င်းဒိုးတင်ပေးလေ့ ရှိတော့ ပြသနာကြုံဖူးတယ် အဲဒါက ၀င်းဒို xp ကို အော်ရဂျင်နယ်မကိုင်း ဘူး သူက driver ပြန်ထည့်ရတော့ ထိုင်းကလာတဲ့ os တွေကိုသုံးတယ် တချိုခွေက USB ကီးဘုတ်က အမ်းတာခေါက်မရဘူး အဲဒါကြောင့် တခါတလေ အမ်းတာခေါက်လို မရရင် PS2 ကီးဘုတ်ပြောင်းသုံးလိုက် ယာယီပေါ့ ၀င်းဒိုတက် သွားရင် တော့ ကြိုက်တာသုံးအဆင်ပြေတယ် အဲဒီတချက်ဘဲ .....
                  ဒါဆိုရင် သူပေါ်လာပြီး သူဟာသူလုပ်နေမယ် . တခါတလေးခွေမကောင်းရင် error တက်မယ် ခွေကောင်းကောင်းထည့်။ နောက်ပြီး ဟတ်ဒစ်မကောင်းရင် ဆက်အလုပ်မလုပ်တော့ဘူး ။
အဲဒီမှာ ကိုယ်က ဟတ်ဒစ်အသစ်ဆိုရင် တစ်ခုဘဲပေါ်မယ် ဟတ်ဒစ်က များနေရင် ဒါမှမဟုတ် ထပ်ပြီး ပါတေးရှင် ခွဲချင်းသေးရင် အဲဒီအဆင့်မှာ လုပ်လိုရတယ် လုပ်ဒါက သူအောက်မှာ အင်္ဂလိပ်လိုရေးထားတယ် ပါတေးရှင်အသစ် လုပ်မှာလာ ဘာကိုနိုပ် အမ်းဘီဘယ်လောက်ထားမလဲ ရိုက်ထည် ပြီးရင် လုပ်မယ် ဘာကိုနိုက် စာတော့နည်းနည်း ဖတ်လိုက်ပေါ့  ပါတေရှင်းကိုဖျောက်မှာ ဘာကိုနိုပ် လုပ်မထိရင် D မှာ သိမ်းထားတဲ့ ဒေတာ တွေပါပျောက်ကုန်မယ်နော် မလုပ်လည်းရတယ်။ နောက်မှ ပါတေးရှင်ခွဲတဲ့ ဆော့ဝဲလ်နဲလည်းရတယ် ဒါပေးမဲ့ လုပ်မထိရင် ထပ်ခွဲဒါမပေါ် ဘဲနေနေအုံးမယ် နောက်ပြီး ဟတ်ဒစ်ကို နှစ်ခြမ်းခွဲ ထားပြီးထာဆိုရင် C ကို ၀င်းဒိုတင်မယ် D ကိုရန်မရှာ နဲ့ ပေါ့ E ရှိရင် လည်းသူကို ရန်မရှာနဲ့ပေါ့ ကယ် C ကို အမ်းတာ ခေါက် ဆက်သွားမှာ လာ လိုမေးရင် မသွားနဲ့  C ဆိုတဲ့ ပါတေရှင်းကို ဖော်မတ် ရိုက်ပြီးမှ သွားနော် ရိုးရိုးဖော်မက် ရိုက်ရင် ကြာမယ် အပေါ်ဆုံးအတန်းက QUICK ပါတဲ့ စားတမ်း ကိုနိုပ် ပြီး ဖောက်မက်ရိုက်ပြီး သူဟာသူလုပ်လိုက်မယ်...

ပုံမှာကတော့သုံးကြောင်းမြောက်ကို ပြထားတယ် အဲဒီလိုမလုပ်နဲ့ ရတော့ရပေးမဲ့ ကြားမယ်ပေါ့ သူဖော်မက်ရိုက်နေပြီး............... . ပြီးရင် ဖိုင်းတွေကိုကော်ပီ သူလုပ်မယ် mrwinkyawaung4 တို့ကတော့ ထိုင်းကလာတဲ့ os version ကိုသုံးတော့ နောက်ပိုင်း ကိစ္စ ကိုသိပ်လုပ်စရာမလိုဘူး သူဟာသူလုပ်သွားတယ် .... မူရင်ခွေ တွေကတော့ အောက်ကမျိုး ကီးထည့်ဒါတို့  အလုပ်နည်းနည်းရှုပ်မယ်နော်.....
 သူလုပ်နေပြီး အဲဒါကတော့ သူက ၃၉ မိနစ်လိုပြောပေးမယ် စက် နည်းနည်းမြင့် ရင် သိပ်မကြားဘူး ခွေက မှုန်နေရင် ပိုကြာမယ် ဒါထက်ဆိုးဒါက ဟတ်ဒစ် မကောင်းရင် အပြာရောင် တက်လာပြီး စက်ပိတ်သွားမယ် ။ဒါက မဖြစ်နိုင်ပါဘူး ဗဟုသုတပါ။ နောက်တစ်ပုံက ... မူရင် ခွေမှ ပေါ်တာပါ ပြန်ပြင်ထားတဲ့ ခွေတွေဆိုမပေါ်ပါဘူး.. အဲဒီမှာသူတောင်း တဲ့ ဟာတွေကို အရန်မဖြည်နဲ NEXT လုပ်လိုရရင် NEXT ။NEXTလုပ်မရမှ ဖြည်ပေးနော်....... တက်နိုင်သလောက်NEXT

ဟော... your name ကိုတော့ အနည်းဆုံးတစ် ခုလောက်ဖြည်ပေးလိုက်။ နောက်တစ်ခု က thai ကလာတဲ့ os တွေမှာ
ဝင်းဒို စစတင်ခြင်း အဲဒီမှာ သူမေးမယ် original version လာ ၊all deriver လာ ၊ all programs လာပေါ့ တကယ်လို original version လိုရွေးထားရင် ရိုးရိုးဘဲ၊ all programs ဆိုရင် ၀င်းဒိုးပြီးခါ နီးမှာ ကိုယ်အသုံးတည့်ဒါရော အသုံးမတည့်ဒါ ရော သူမှာရှိဒါ အကုန် run ဒါဘဲ mrwinkyawaung4 ကတော့ စိတ်ညစ်မခံတက်ဘူးလေး ဒါကြောင့် all deriver ဘဲရွေးပြီးတင်တယ်..

ဝင်းဒိုတော့ တင်ပြီးသွားပြီး သူငယ်ချင်းရေ ပြီးတော့ အပေါ်ကပြောထားတဲ့အတိုင်း BOOT ထဲပြန်ဝင် ဟတ်ဒစ်ကို ပထမ ပြန်ပြောင်းလိုက် ခွေထည့်တဲ့ DEVICE ကို ဒုတိယပြန်ပြောင်းပေါ့ ဘာလိုလဲဆိုတော့ စက်ကိုဖွင့်တိုင်း စီဒီ ဒရိုက်က ပထမဆိုရင် သူကိုအရင်အလုပ်စလုပ်ခိုင်းသလိုဖြစ်တယ် နောက်ပြီးဝင်းဒိုခွေ ကိုအမ်းထဲမှာ ရှိနေလိုမသိဘဲအမ်းတာခေါက်မိရင် ၀င်းဒိုပြန်တင်သလို ဖြစ်နေမယ် ဒါမှမဟုတ် တခြားခွေထည့်ထားမိရင်လည်း သူကိုစက်က ဘာခွေလည်း အရင်စစ်ပြီးမှ ၀င်းဒိုပွင့်မှဆိုတော့ ၀င်းဒိုတက်ဖိုက ကြားနေမယ်လေဒါကြောင့်ပါ   ....  အသံမလာရင် တော့ audio driver မောင်းထည့်တော့ ကိုယ်သုံးမယ် ပရိုဂရမ်း တွေကို ထည့်တော့ ထည့်မတက်ရင် လေ့လာအုံးနော် mrwinkyawaung4 လည်းကြိုးစားပါဦးမည်။ ( ဘလော့ဝါသနာရှင်)

1 comment:

  1. ကျေးဇူးတင်ပါတယ်ဝါသနာချင်းတူလို့အားပေးသွားပါတယ်ခင်ဗျာ

    ReplyDelete

အမှတ်တရ စကားပြော‌သွားပေးပါ

Myanmar unicode

http://unicodetoday.org/fonts-download/