menu

Wednesday, June 20, 2012

window 7 တင်နည်း အခြေခံ ( window တင်မတက် သူများအတွက်သာ)

 အရင်ဆုံး mrwinkyawaung4 ရဲ့ ပိုစ် အဟောင်းရဲ့ စာတချိုကိုကော်ပီ လုပ်ပြီးပြန်တင်လိုက်အုံးမယ် ။ ဘာလိုလဲ ဆိုတော့ ၀င်းဒိုး တင်ရာမှာ အစပိုင်း ကတူနေလိုပါ ။.........................................
-----၀န်ခံချက် ကျွန်တော်သည် စာများများရေးထားရင် မျက်လုံးညောင်လိုသိပ်ပြီးမဖတ်ပါ အဲဒါကြောင့် စာကိုတိုးတိုးရေးချင်းပေးမဲ့ လိုအပ်ချက်အရများသွားမယ်နော်။ mrwinkyawaung4 သည် ကွန်ပြူတာ ဆရာကြီးတစ်ယောက်မဟုတ်ပါလိုအရင်ဆုံး ပြောပါရစေ။ ဟတ်ဝဲလ် ကိုတော့ လေ့လာဖြစ်တယ် ဘာဖြစ်လိုလဲ ဆိုတော့ ကျွန်တော်က ကွန်ပြူတာ စကိုင်တာ တပတ်ရစ်ကိုဝယ်သုံးပြီးစကိုင် တာ ပြသနာတက်တာပေါ့ဗျာ........ အဲဒီတော့ ဟတ်ဝဲလ် ပြသနာ တက်ရင် ဆိုင်ကိုပြေးတယ် ပိုက်ဆံ ကုန်တယ် ဆိုင်ရောက်ရင် နည်းနည်းပြင်ပေးတယ် ၀င်းဒိုပြန်တင်ပေးတယ် နောက်တစ်နေ သူငယ်ချင်း မာန်မိုရီစတစ် ထိုးတယ် ၀င်းဒို ငြိမ်းနေတယ် ဆိုင်ကပြောတယ် ဗိုင်းစ်ရက်ထိ တယ် အဲဒီတော့ ၀င်းဒိုး ပြန်တင်တယ် ပိုက်ဆံ ထပ်ကုန်တယ် ဒီလိုနဲ မခံနိုင် တော့ဘူး နောက်တော့ ကိုယ်ဟာကို တင်မယ်ပေါ့ ၀င်းဒိုးခွေ လိုက်ဝယ်တယ် မရောင်းပေးကြဘူး ။ ဒီလိုနဲ စက်ကိုပစ်ထားတယ် (၁)လ လောက် ကြားတော့ အလုပ်အား ရင် ကွန်ပြူတာ
ပြန်ကိုင်း ချင်းလာ တယ် ဒီလိုနဲ သူငယ်ချင်း တွေကို အကူအညီ လိုက်တောင်း ၀င်းဒိုခွေ တွေတောင်း တယ် ၀င်းဒိုးတင်နည်း ကိုဟိုမေး ဒီမေး နဲ့  စလာခဲ့တာပါ ။ သင်တန်းလည်း မတက်ထားတော့  ဒုက္ခ အကြီးအကျယ်ရောက်တာပေါ့ သူငယ်ချင်းတွေ လမ်းညွှန်းတဲ့ အတိုင်း ၀င်းဒိုး တင်လိုက်တော့ မခက်ပါလာပေါ့ ၀င်းဒိုးတက်ပြီး ပြန်တော့ စက်က အသံမထွက်ပြန် သူငယ်ချင်းများကို အကူအညီ တောင်းပြီး မေးရ မြန်ရ နဲ audio driver ရလာခဲ့တယ် နောက် စက်က သုံးလိုမရသေး ဘူးလေ .. ပရိုဂရမ် တွေထည့် ရအုံးမယ် အဲဒါမရှိပြန် ပြောရအုံးမယ် mrwinkyawaung4 တို့မြို့ကလေး က မြန်မာ ပြည်ထဲ က မြို့ကြီးတွေ နဲ ဝေးတယ်လေ လမ်းခရီး ကလည်းမကောင်းသေးတော့ ပရိုဂရမ်း တို ဆော့ဝဲလ် တိုကို ခက်ခက်ခဲခဲ ယူလာ ကြတဲ့ သူတွေဆိုတော့ တော်ရုံ သိရုံနဲ့  သူတိုမပေးကြ ဘူးလေ အခုက ကျောင်းနေဖက် သူငယ်ချင်း ဆိုတော့ နည်းပညာ တွေ မျှဝေ ကြလိုဒါ mrwinkyawaung4 တစ်ယောက် အဆင်ပြေသွားခဲ့ ရဒါပါ................................................................................ ၀င်းဒိုးတင်နည်း အခြေခံ ကိုစမယ်နော် ပြောရအုံမယ် mrwinkyawaung4 ပြထားတဲ့ နမူနာ တချို ပုံတွေဟာ အင်တာနက်က ကော်ပီယူထားကြောင်းပြောပါရစေ ။နောက်ပြီးပြောရအုံးမယ် ၀င်းဒိုးတင်တာ မကျွမ်းသေးရင်ကိုယ်စက်မှာ အရေးကြီးတာတွေကို စီဒီနဲဘဲဖြစ်ဖြစ် မန်မိုရီ စတစ်နဲ့ ဘဲဖြစ်ဖြစ် သိမ်းထားစေခြင်းတယ် ဘာလိုလဲဆိုတော့ ဟတ်ဒစ်မှာပါတေရှင် နေရာမှာ လုပ်မထိရင်ပျောက်ကုန်မှာစိုလိုပါ။ ( C ) ပါတေရှင်းကိုတော့ပေါ်မတ် ရိုက်မှာဆိုတော့ (C) မှာရှိတဲ့ ကိုယ်ပြန်သုံးမယ့် ဟာတွေကို တော့ကော်ပီး လုပ်ပြီးသိမ်းထားနော် နောက်မှနောင်တရနေအုံးမယ်......


           အရင်ဆုံး လုပ်ရမှာက ၀င်းဒိုးတင်တော့မယ်ဆိုရင် ၀င်းဒိုခွေ ကိုစက်ထဲကို ထည့်ထားမယ် ပြီးရင် စက်ကို restart ချမယ် နောက် ကီဘုတ်က ခလုတ်တခု ကိုနိုပ် ရမယ် အဲဒါက အရေးကြီးတယ် ကွန်ပြူတာ motherboard ကုမ္မဏီက အမျိုးမျိုးရှိတယ် အဲဒါကတော့ ကိုစက်ပေါ် မူတည်တယ် စက်ကိုစစ ဖွင့်လိုက်ဒါနဲ့  မော်နီတာ အောက်မှာ သေချာကြည် သူကပြထားတယ် အဲဒါကိုမှတ်နော် ဥပမာ။ F2,F1,F10,DEL စသည်ဖြင့် desktop တော်တော် များများက Delete ကီး ၊ လက်တော့ မှာဆို ရင် F2 ကီး များတယ် ဘာဘဲဖြစ်ဖြစ် ကီးဘုတ်က သူပြထားတဲ့ ကီးတစ်လုံးကို ၀င်းဒိုး ခွေထည့်ပြီး restart ချပြီးဒါနဲ ဆက်တိုက် နိုက်နေလိုက်ပေါ့ အဲဒါဆို မာသာဘုတ်(Mainboard ) ပေါ့ သူ boot တက်လာမယ် အပြာရောင်လေနဲ့ အဲဒီမှာ BOOT ဆိုတဲ့ စာလုံးကို သေချာ ရှာနော် တွေရင် နှိပ်လိုက် ပြီးရင် boot properties ကိုနိုပ်လိုက်ရင် 1st boot device ကိုနိုပ်လိုက် အဲဒီမှာ သူပေါ်မယ် (၃)မျိုးလောက် cd rw / sata hdd .../ ..../ ပေါ့ ဥပမာ ပါ အဲဒီမှာ cd rw ကို ပြောင်းလိုက် စာတမ်းတူချင်မှ တူမှာ ကိုတပ်ထားတဲ့ cd rom ပေါ်မူတည်တယ် အဲဒါကိုသိရမယ် 2nd boot device ကို ဟတ်ဒစ်ပေါ့ ပြီးရင် F10 သို့မဟုတ် save and exit နိုပ်လိုက် ။
တချို မာသာဘုတ်က advanced bios features ကိုဝင် first boot device မှာ နိုပ်လိုက်ရင် cd rom ကိုအစက်ကလေး ပြောင်းလိုက် second boot device ကို ဟတ်ဒစ် လိုအစက်ကလေးပေးလိုက် နောက် ပြီးရင် F10 ဒါမှမဟုတ် save and exit ကိုနိုက်လိုက် ပြီးရင် သူမေးမယ် y / n လိုအေးဒီမှာ y လိုနိုပ်ထားပြီး အမ်းတာကီး ကိုခေါက်လိုက်ရင် ။နောက်ပြီး ဟတ်ဒစ်လွှတ်နေရင် ဘာဟတ်ဒစ်မှမတွေဘူးနော်။ တချိုလူတွေက cd device ကိုနှစ်ခုတပ်ထားရင် ကိုယ်ခွေထဲထားတဲ့ကောင်းကို လုပ်ရမယ်နော် နောက်တစ်ခု က ဟတ်ဒစ် နှစ်ခု ထည့်ထားရင် ကိုယ်သုံးမယ့်ကောင်းကို ဒုတိယ ထားရမယ် အဲဒီမှာ အခုပေါ်နေတဲ့ sata တွေက ပြသနာ မဟုတ်ပေးမယ် IDE ဆိုရင် အဲဒီဟတ်ဒစ် ဖြစ်ဖြစ် စီဒီ အမ်း ဘဲ ဖြစ်ဖြစ် အဲဒီကောင်းတွေရဲ့ အနောက်နားမှာကြည် စလွတ် ရှိတယ် အဲဒါကို အခု ၀င်းဒိုတင်မယ့်  အသုံးပြုမယ့် ကောင်းကို ချမ်းဘာ ပေါ့ အဲဒါလေးကို master ပြောင်းရမယ် နော် တခြားတစ်ခုကိုတော့ ရိုးရိုးဘဲထားပေါ့ ။ ပြောအုံးမယ် တချို မာသာဘုတ်ပြန်တော့ BOOT ၀င်မရဘူး ပတ်စဝေါ့  ခံထားတယ် အဲဒါတော့ ကျွန်တော်ရှင်းမတက်ဘူး ဒက်စတော့ မှာ ဆိုရင် မာသာဘုတ်ပေါ် က ဓါတ်ခဲ ပြုတ်လိုက်ရင် အဆင်ပြေမယ်လိုထင်တယ် ။ နောက်တခု က EXTERNAL CD DRIVE ဆိုရင် ပထမ ကို USB DRIVE ။ USB ဆိုရင်ကျွန်တော်တော့ မတင်ကြည့်ရသေးဘူး အဲဒါကို တော့ ကြားဖူး ဖတ်ဖူး ဒါက ၀င်းဒို နှစ်ကြိမ်မြောက် restart ကျပြီးရင် ပ နဲ ဒု ကို ပြန်ချိန်းရတယ်ပြောတယ် ဟတ်ဒစ်ကို ပထမလို မရမှာပါ ရရင်တော့ ဒီအတိုင်း ဘဲပေါ့ ။  
    အပေါ်က နှစ်ပုံကတော့ ကျွန်တော် က sata ဟတ်ဒစ် နဲ့ IDE ဟက်ဒစ် နှစ်လုံးတပ်ထားလိုပေါ်နေတာပါ mrwinkyawaung4 ကတော့ ဟက်ဒစ်နှစ်လုံးထဲက SATA ဟက်ဒစ်ကို ပထမ လိုလုပ်ထားဒါပါ သူငယ်ချင်းများအနေနဲ CD ဖြင့်ဖြင့် DVD ဖြင့်ဖြင့်နှစ်ခု  တပ်ထားမယ်ဆိုရင် အလားတူပေါ်မှာပါ စာနည်းနည်းဖတ်ပြီးလုပ်လိုက် ကျွန်တော်လည်းဖတ်တက်လိုပြောဒါမဟုတ်ပါဘူး ဒီလိုပေါ့လုံးတာပေါ့ ဟဲဟဲ.
            သူ restart ပြန်ကျသွားပြီး ဟောတက်လာပြီး သူမေးနေတယ် ၀င်းဒိုးတင်မှာ လာ အမ်းတာကီး ကိုခေါက်လိုက်     ( ကော်ပီးတော့ လုပ်ပြီး ပြန်တင်လိုက်ပြီး ဟီး .... :P  )
ဒါပြီးရင် တခါတလေ ဆိုတချိုမားသာဘုတ်တွေ ကသူများတွေနဲ့ မတူဘဲနဲ့ အစိမ်းရောင်နဲ ပြနေပြီးကြာနေတက်တယ် စောင့်လိုက် အဲဒါကမသိတဲ့ သူက ၀င်းဒိုး ၇ တင်မရဘူးဆိုပြီးပြောတယ် မိနစ် ၂၀ လောက်စောင့်လိုက် ဒီအတိုင်းထား သူဟာသူ အလုပ်ဆက်လုပ်သွားမယ် ................................
 သူလာပြီး အင်္ဂလိပ် ပေါ့ timezone တို့ပါတိုပေါ ဒါတွေ သူငယ်ချင်း သဘောဘဲ ဒီအတိုင်းဘဲ next လည်းရပါတယ်။






အဲဒီမှာ အင်စတော့ ကိုနိုပ်လိုက် ပြန်ပြောရပြန် အပေါ်ကပြောတဲ့ အတိုင်း တချိုမာသာဘုတ်က ဒီမှာလည်းကြာတယ် အဲဒီမှာ သူလည်းနေမယ် အစိမ်းရောင် အ၀ိုင်းကလေ ၁၀ မိနစ်လောက် နောက်ပြန်လာမယ် .. စောင့်လိုက်





 အဲဒီမှာ အက်ဂရိတ်က နဂိုရှိပြီးသာ ၀င်းဒိုး ကို ပြန်ပြီး version မြင့်တယ်လိုပြောကြတာဘဲ ..................
mrwinkyawaung4 ကတော့ အောက်ကကိုနှိပ်ပြီး လိုက်လိုက်တာ ဘဲ နောက်မိုဆို အဲဒီမှာဘဲ လည်းနေတယ်လေ.........
အဲဒီမှာ ကိုယ်စက်မှာ ဟတ်ဒစ်ကို ပါတေရှင် ၂ ခုခွဲထားရင် ၂ ခုတွေမယ်  ၃ ခု ခွဲထားမယ်ဆိုရင် ၃ ခု တွေမယ် ပုံမှာ ၁ ခုဘဲတွေတယ် mrwinkyawaung4 ကအင်တာနက်ကပုံကိုကော်ပီလုပ်ထားတယ်ဆို
တော့ အဆင်းပြေသလို ရှင်းပြလိုက်တာပါဘဲ.............. ဟတ်ဒစ် ဘယ်နှခု ဘဲတွေတွေ လုပ်ရမှာက ( C ) ဆိုတဲ့ ပါတေးရှင်ကို drive option ၀င်းပြီး ဖေါ်မတ် ရိုက် ပြီးရင် အင်စတော့ လုပ်ပေါ့   ဖော်မတ်မရိုက် ရင်တော့ ၀င်းဒိုးအဟောင်း ပါ ရှုပ် သွားမယ်နော်......( mrwinkyawaung4 ကတော့ ၀င်းဒိုး ၇ ကို အခုထိ ပါတေးရှင်း မခွဲတက်သေးဘူး ဟီးး အဲဒါကြောင့် xp မှာ ပါတေးရှင်း အရင်ခွဲ ပြီးမှ ၀င်းဒို ၇ ကိုတင်တယ် အဲဒါက ဟတ်ဒစ် အသစ်မှပါ....)


 အော် လာပြီး ဒီမှာ စောစောကပြောတဲ့ တချိုကွန်ပြူတာ မှပါ အားလုံးမဟုတ်ပါဘူး သူငယ်ချင်း အနေနဲ့ ကြုံမှ mrwinkyawaung4
ပြောထားဒါကို သတိ ရမှာပါ အခု တော့ အပိုလိုဖြစ်နေမယ်.. ပထမ တစ်ဆင့်မှ  ၀ % ဟာတော်တော် ကြားနေမယ် နောက်သူဟာ သူဆက်လုပ် မယ် အဲဒီလို ဖြစ်တဲ့ ကွန်ပြူတာ ကို တင်တဲ့သူ သတိထားမိအောင် ရှင်းပြဒါပါနော် ရစ်တယ်လိုမထင်လိုက်ပါနဲ့.............

ဟော် ...     restart ကျတော့မယ် ၁၀ စက္ကန့်တဲ့ စောင့်လိုက် မစောင့်နိုင်ရင် enter ခေါက်လိုက်ပေါ့ ပြီးရင်သူဟာသူပြန်တက်လာမယ်....

အဲဒီလို တဆင့်စီ လာမယ်နော် ......

ပြောရပြန်  တခါက ကိုနေမင်းမောင် (နည်းပညာ) က ၀င်းဒို ၇ ကို version  အများကြီးပါတဲ့ ခွေ ကြိုက်လို ဒေါင်းလိုက်ပြီး ထည့်တာ ၀င်းဒိုး ၇ အမ်းနီမိတ်က အဆင်ပြေးတယ် နောက်တခါ တင်တော့ pro version ကိုတင်ကြည့်တော့ free ပေးသုံးဒါ ၄ ရက်တဲ့ အဲဒါကြောင့် သူငယ်ချင်း တို့လည်း ၀င်းဒိုး ၇ အမ်းနီမိတ် ဘဲသုံးစေချင်းတယ် နောက် တစ်ခု က  ၁ လ free ပေးသုံးထားတယ်ဆိုတော့ ၀င်းဒိုး ကို အက်တစ် ဖြစ်အောင် လုပ် လိုက် အုံးနော် ၀င်းဒိုး ၇ကို အက်တစ် လုပ်တဲ့ ဆော့ဝဲလ် ကို ဆိုက်တွေမှာ တော်တော် များများတင်ထား ကြတယ် သူငယ်ချင်း အနေနဲ့  လိုက် ရှာပြီးဒေါင်းပြီး run လိုက်









next  .........  next ........  ဒါပါဘဲပြီးပြီနော် ........ သူငယ်ချင်း တို့ရေ .......... ၀င်းဒိုး ၇ က
driver တွေမလိုတော့ဘူး သူဟာ သူလုပ်သွားမယ်  ပြီးတော့ အပေါ်ကပြောထားတဲ့အတိုင်း BOOT ထဲပြန်ဝင် ဟတ်ဒစ်ကို ပထမ ပြန်ပြောင်းလိုက် ခွေထည့်တဲ့ DEVICE ကို ဒုတိယပြန်ပြောင်းပေါ့ ဘာလိုလဲဆိုတော့ စက်ကိုဖွင့်တိုင်း စီဒီ ဒရိုက်က ပထမဆိုရင် သူကိုအရင်အလုပ်စလုပ်ခိုင်းသလိုဖြစ်တယ် နောက်ပြီးဝင်းဒိုခွေ ကိုအမ်းထဲမှာ ရှိနေလိုမသိဘဲအမ်းတာခေါက်မိရင် ၀င်းဒိုပြန်တင်သလို ဖြစ်နေမယ် ဒါမှမဟုတ် တခြားခွေထည့်ထားမိရင်လည်း သူကိုစက်က ဘာခွေလည်း အရင်စစ်ပြီးမှ ၀င်းဒိုပွင့်မှဆိုတော့ ၀င်းဒိုတက်ဖိုက ကြားနေမယ်လေဒါကြောင့်ပါ  ကိုယ်သုံးမယ် ပရိုဂရမ်း တွေကို ထည့်တော့ ထည့်မတက်ရင် လေ့လာအုံးနော် mrwinkyawaung4 လည်းကြိုးစားပါဦးမည်။ ( ဘလော့ဝါသနာရှင်)

No comments:

Post a Comment

အမှတ်တရ စကားပြော‌သွားပေးပါ

Myanmar unicode

http://unicodetoday.org/fonts-download/